ချစ်သူ . . .
နှစ်ယောက်သား ကိုယ်စီ
ဆိုင်သူတွေရှိနှင့်ပြီမို့ 
ဒို့ နှစ်ယောက်ရဲ့ ဆုံဆည်းခြင်းဟာ
လှပစွာ နောက်ကျခဲ့ပြီ . . . ။
ဖြစ်နိုင်မယ်ဆိုရင် . . .
စက္ကန့်တံတွေကို နောက်ဆုတ်လို့ 
ဟိုး . . . အတိတ်ကနေ့ ရက်တစ်ချို့ ဆီ
ရင်ခုန်သံတွေ သိမ်းဆည်း
ချိုမြိန်မှုတွေ ထွေးပိုက်ရင်း
ကိုယ် . . . နောက်လှည့်ပြန်ချင်တယ် ...။
ဖြစ်နိုင်မယ်ဆိုရင် . . .
ဒို့ နှစ်ယောက်ရဲ့ ဆုံဆည်းခွင့်ကို
သံယောဇဉ်တွေနဲ့  တုပ်နှောင်ပြီး
ချစ်ခြင်းရဲ့ နှလုံးသားပြင်မှာ
ထာဝရမြှုပ်နှံထားချင်မိတယ် ...။
ဒါပေမယ့် . . .
ချစ်ခြင်းရဲ့သက်သေကို
နှလုံးသားနဲ့  ပြသခွင့်မရခဲ့ကြတဲ့
ဒို့ နှစ်ယောက်ရဲ့ ရင်ထဲမှာ
မဖြစ်သင့်တဲ့ အကြောင်းအရာတွေ
ကြင်နာစွာ ငဲ့ကွက်ရမယ့်သူတွေ
ပတ်ဝန်းကျင်ရဲ့ မှန်ကန်ခြင်းနိယာမတွေ
ကြမ္မာတရားရဲ့ အကြင်နာမဲ့စီရင်မှုတွေ
ကြယ်ကြွေတိုင်း ဆုတောင်းမပြည့်ခဲ့ခြင်းတွေ
တွေ ပေါင်းများစွာကြားထဲက
(ချစ်တိုင်းလည်း မငြား) ဆိုတဲ့ စကားဟာ
ဒို့ နှစ်ယောက်အတွက်ပဲ ဖြစ်လိမ့်မယ် . . . .။
ဒါ့ကြောင့်မို့ ချစ်သူရေ
ယမုံနာမြစ်လို ပြောင်းပြန်စီးနေတဲ့
ဒို့ နှစယောက်ရဲ့ ဆုံခွင့်မဲ့ချစ်ခြင်းတွေ
များစွာသော တားဆီးမှုတွေကြားက
မလှမပ နှလုံးသားရဲ့ ဆန္ဒတွေထက်
ဖြစ်သင့်တဲ့ ဘဝလမ်းထဲမှာ
ရင်ထဲကိုယ်စီ နားလည်မှုတွေနဲ့ 
ဘဝရေစီးကြောင်းရဲ့ ခေါ်ဆောင်ရာ
ကျေနပ်စွာ စီးဆင်းကြရင်း
ချစ်ခြင်းတွေ မြိုသိပ်
တိတ် တိတ် ကလေး
အဝေးကနေ ချစ်နေကြစို့ နော် . . . ။
ဆလိုင်း ရှယ်လေး
ကျွန်တော့် အကြောင်း
- ဆလိုင်း ရှယ်လေး
- ကျွန်တော်က အားနေရင် စာမကြည့်ပဲကွန်ပျူတာကလိ တယ်၊ ကဗျာရေးပါတယ်။ ကျွန်တော့်မှာရှိတဲ့ ဝါသနာအရ ကျွန်တော့်ရဲ့ personal blog လေးဖန်တီးလိုက်တာပါ။ ဒီကိုလာရောက်လည်ပတ်လာတဲ့သူတွေအားလုံးကို ကျွန်တော်ကျေးဇူးတင်ပါတယ်။ ပြီးတော့ အားလုံးကိုလည်း ညီအစ်ကိုတွေလို ခင်မင်စွာကြိုဆိုပါတယ်။
ကျွန်တော်ရေးခဲ့သမျှစာများ
Saturday, August 30, 2008
သစ္စာ ခရီးသည်
![]() ![]() | ![]() |
ကိုယ်တကယ်မောပန်းနေချိန်မှာ
အကြင်နာ ရေစင်အေးတွေနဲ့ 
မင်းရဲ့ ရင်ခွင်နွေးလေးရယ်
နားလည်မှုတွေနဲ့  ယုယတဲ့ချစ်သူ
အပြစ်မယူ မငြူစုစတမ်း
ခရောင်းလမ်းထဲ လက်တွဲလျှောက်
မင်းလောက် ဘယ်သူချစ်နိုင်မှာလဲ . . . . ။
အချစ်တုတွေ ဖယ်ရှား
ခြေလှမ်းများ ပြုပြင်ပေးခဲ့
မင်းရွေးပေးတဲ့ လမ်းပေါ်မှာ
ကိုယ် ကျေနပ်စွာလျှောက်ပါရစေ။
သစ်ရွက်ကြွေတွေ ရေတွက်
နွေရက်တို့ ရဲ့ နေဝင်ချိန်ဆီ
ရီဝေဝေ အတွေးတွေနဲ့ 
စည်းချက်မညီတဲ့ ရင်ခုန်သံ
အရင်လို ပုံမှန်ဖြစ်စေဖို့ 
အကြင်နာ မျက်ဝန်းတစ်စုံ
ရင်ခုန်စရာ အနမ်းဖွဖွ
အလှပဆုံး အပြုံးနုနုတွေကို
ကိုယ့်ရဲ့အမြတ်နိုးဆုံး ဆုလာဒ်အဖြစ်
မင်းရဲ့အချစ်တွေ တမ်းတဆဲပါ။
ဝေးနေလည်းမမေ့ပါဘူး
အနူးညံ့ဆုံး နှလုံးသားထဲမှာ
အချစ်ကာရံလေးတွေ ရှိနေဆဲပါ
အလုံခြုံဆုံး သစ္စာတရားနဲ့ အတူ
ကြင်နာသူရဲ့အနမ်းတွေ တက်မက်ဆဲပါ
အနက်ရှိုင်းဆုံး နှလုံးအိမ်ထဲမှာ
မျှော်လင့်ခြင်းကဗျာလေးတစ်ပုဒ် ရှင်သန်ဆဲပါ။
ယုံကြည်ပါချစ်သူ
ခုချိန်အတူ နေခွင့်မရလည်း
ခိုင်မြဲတဲ့တို့ နှစ်ယောက်ရဲ့သစ္စာ
ကမ္ဘာတည်သ၍ ကျူးရင့်လိုက်ကြမယ်
ဘဝခရီးသည် တို့ နှစ်ယောက်အတွက်
ကြုံလာမယ့် အတားအဆီးတွေ
မတွေဝေကြစတမ်း
ကမ်းလက်တွေ မြဲကြပါစို့ 
ခိုင်မာတဲ့ တို့ နှစ်ယောက်ရဲ့အချစ်
သက္ကရာဇ်တွေက မဖျက်ဆီးနိုင်ပါဘူး . . . ချစ်သူ ။
ဆလိုင်းရှယ်လေး
ရှာပုံတော်
ဘဝ . . .
မလှပတဲ့ လှောင်အိမ်ထဲမှာ
ကျိုးပဲ့နေတဲ့ စိတ်ကူးတွေ
စံချိန်တင်နိုင်ဖို့  ကျိုးစား
ရိုးသားမှုတွေ ပေးဆပ်ပေမယ့်
အထပ်ထပ်ကြုံနေရတဲ့ ဒုက္ခ
မရှုမလှ ရှုံးနိမ့်မှုတွေဟာ
ရင်နာစရာတွေကို ဖန်တီးပေးတယ်။
မိုးရွာတိုင်း စပါးမအောင်ပါ
မိုးခေါင်တာကို အပြစ်တင်
ကိုယ်လိုချင်တာ ဆုတောင်း
နယ်ပြောင်းလို့  ရုန်းပြန်လည်း
ကိုယ်က ဒုက္ခချန်ပီယံပဲလေ။
တကယ်ဆိုရင်
ရေအလျင်ကို ကြည့်ပြီး
လှေစီးချင်သူ ဟာ
အပူဗျာများထဲ
မူးလဲလို့ သွားလိမ့်မယ်။
တကယ်ပါလေ . . . .
လေပြေကို လိုချင်တိုင်း
မုန်တိုင်းနဲ့ သာ ကြုံလာခဲ့
ဘဝရဲ့ မှတ်တမ်းတွေ
သစ်ရွက်အို ကြွေသလိုပါပဲ
အတိတ်နေ့ စွဲမှာ ရှိနေခဲ့
ဆုံလာတဲ့ ဘဝသမားတွေလည်းမထူး
သောကလှိုင်း မူးနေကြဆဲ
ပင်လယ်ထဲ ကူးခတ်သူချင်းအတူ
ရေငန်အတူ သောက်ကြ
ဘဝတွေများစွာ . . . အားလုံးဟာအတူတူပါပဲ။
အမှန်စင်စစ်
အကြင်နာတိုက်ပွဲ
အချစ်စစ်ပွဲနွှဲချိန်မှာ
ဘာ တိုင်လူကြီးမှ မရှိ
အပြစ်ရှိသူ ဘယ်သူလဲ
ကိုယ် ကိုယ်တိုင်ပဲ ဖြစ်မှာပေါ့။
အချစ်ရဲ့တန်ခိုးဟာ
အမိုးအကာမရှိလည်း
ထန်းလက်တဲထဲမှာ
မျက်နှာတွေချိုပြုံး
မျက်လုံးချင်း ဆုံပြီး
ခိုမှီးလို့ ရပြီတဲ့လေ . . .
ထမင်းရည်ကိုသောက်
ဗိုက်မှောက်နေနိုင်လို့ လား
စဉ်းစားပြီးမှ ဆုံးဖြတ်ပါ
နောင်တချိန်တခါကျမှ
မင်းရဲ့ နောင်တတွေ ပရပွ
အလဟသ မဖြစ်စေချင်ဘူး . . . . ။
အချစ်နဲ့ ဆို ဆူးခင်းလမ်းလည်းလျှောက်ရဲ ဆိုပဲ
ဘယ်အချိန် ကွဲပြဲကြဦးမလဲ
မယုံရဲ ယုံရဲမေးပါရစေ
ကြားဖူးရဲ့လား မိတ်ဆွေ
တစ်ခါသေဖူး ပျဉ်ဖိုးနားလည် တဲ့
၂၀ ရာစုရဲ့ အိမ်ထောင်ဦးစီး
စီးပွါးရေး ခေတ်ကြီးထဲမှာ
ကဗျာဆရာတွေ ငိုချင်းချ
ပုံမှန်ဘ၀ ခရီးသည်များအတွက်
ရောင်ပြန်ထွက်ပေါက်တွေကို
ဆွေးအိုနေတဲ့ ရာစုနှစ်
သက္ကရာဇ်ဟောင်းတွေထဲမှာ
ပြန်လည်ရှာဖွေတွေ့ ရှိခဲ့တယ် . . . . . . . . . . . . ။

လောကရောင်စဉ်တန်းများ
အပြာရောင် ကောင်းကင်
အပြာရောင် ပင်လယ်ပြင်
ရောင်စဉ်တွေ ခွဲထား
ခြားနားမှုတော့မရှိပါဘူး
တကယ်တော့ . . . .
ရေမှာ အရောင်မရှိ
လေမှာ အဆင်းမရှိပါဘူး
ဒြပ်ထုသိပ်သည်းမှု
ပေါင်းစုဖွဲ့ စည်းခြင်းဟာ
ပင်လယ်ကို ပြာစေတယ်
ကောင်းကင်ကို ပြာစေတယ်
ဒါဟာ သဘာဝ
နိယာမတရားတွေပါပဲ။
အဖြေမရှိတဲ့ ပုစ္ဆာကို
အဖြေညှိလိုသူတွေ က
လောကကို ရောင်စဉ်ခွဲ
လူမွဲတွေကို နှိမ်ကြတာ
အဲဒါ . . . မှန်ကန်မှုတစ်ခုလား။
လူတွေရဲ့ သမိုင်းမှာ
မွေးလာတုန်းက တစ်ယောက်တည်း
သေတော့လည်း တစ်ယောက်တည်းပါ
သူသာ ကိုယ်နာ
ငါမြင့် သူနိမ့်
အဆင့်တွေ ခွဲခြား
ဘဝတွေ ပိုင်းထားတာလည်း
လူတွေပါပဲ လေ . . . . ။
တကယ် အရည်အချင်းရှိရင်
လောကကို ပြုပြင်ပေးကြပါ
ဝေးကွာနေသူတွေ နီးကြဖို့ 
ရင်ဆို့ ဖွယ်တေးသွား အားလုံး
အဆုံးသတ်လိုက်ပါ
ဆင်းရဲတာကို စိတ်မပျက်ပါနဲ့ 
ချမ်းသာလို့ လည်း မာန်မတက်ပါနဲ့ 
ဘဝရဲ့အရသာဟာ
ပင်လယ်ပြာလိုလည်း မငန်ပါဘူး
ကောင်းကင်ပြာလောက်လဲ မဝေးလှဘူး
နေ့ ထူးတွေ ရွေးနေရင်
လိုချင်တဲ့ခရီးကို ဘယ်တော့ရောက်နိုင်မှာလဲ။
လောကကြီးထဲမှာ
ချိုမြိန်မှုဟာလည်း မမြဲ
ခါးသည်းမှုလည်း မပိုပါဘူး
ကိုယ် . . . ကြားဖူးပါတယ်
တကယ်တော့ . . . . လောကကြီးဟာ
"နေတတ်ရင် ကျေနပ်စရာပါပဲ" တဲ့ . . . . . . . . . . . . ။
ဆလိုင်း ရှယ်လေး
ဘာရယ်တော့မဟုတ်ပါဘူး ကဗျာမရေးဖြစ်တာကြာလို့  လွန်ခဲ့တဲ့ ၃-၄ နှစ်တုန်းက ရေးထားခဲ့တဲ့ကဗျာဟောင်းတွေကိုပဲ ပြန်တင်လိုက်တာပါ။

Thursday, August 28, 2008
ဒုက္ခသည် အကြောင်း
ဟိုး . . . . တစ်ချိန်တုန်းဆီက
သိပ်ကိုလှပခဲ့တဲ့ အမိချင်းမြေ
သဘာဝတရားတွေနဲ့ အတူ
လွတ်လပ်မှုရဲ့ အရသာကို
မြိန်ယှက်စွာစားသုံးရင်း
ရိုးသားမှုရနံ့ တွေသင်းခဲ့ဖူတယ်။
ခေါင်ရည်ချိုချိုရဲ့ အရသာဟာ
မဟာမဆန်ပေမယ့်
ကဗျာဆန်တဲ့ ဘဝတွေကို
ရေရှည်ရှင်သန်ခွင့်ပေးခဲ့ဖူးတယ်။
ဆင်းရဲချို့ တဲ့ခြင်း ဝတ်ရုံကို
နှစ်ပေါင်းများစွာ ခြုံခဲ့ကြပေမယ့်
အေးချမ်းတည်ငြိမ်တဲ့ ရှင်သန်ခွင့်နဲ့ 
နွေးထွေးမှုကို ပိုင်ဆိုင်ခဲ့ကြတယ်။
အခုတော့ . . . . . . .
ကိုယ့်ယာကို ကိုယ်ခုတ်ရင်း
ကြောက်လန့် ခြင်းတွေ သယ်ပိုးရ
ကိုယ့်အိမ်မှာ ကိုယ်နေရင်း
ထိတ်လန့် ခြင်းတွေနဲ့ အိပ်မရ
ည....ည.....ညပေါင်းများစွာ
ကြာလာတော့လည်း
လယ်စွန့် ၊ ယာစွန့် 
အမျိုးကိုစွန့် ၊ ပိုင်ဆိုင်မှုတွေစွန့် 
နောက်ဆုံးတော့
ကိုယ်သိပ်ချစ်တဲ့ အမိမြေကိုစွန့် လို့ 
ငြိမ်းချမ်းသာယာတဲ့မြေကို လိုက်ရှာခဲ့ကြတယ်။
ဘဝရဲ့တည်ငြိမ်အေးချမ်းမှုကို မြတ်နိုးသူတိုင်း
အရိုင်းဆန်တဲ့ ဖိနှိပ်မှုတွေ
ကိုယ်ချင်းစာတရား ခေါင်းပါးခြင်းတွေ
ထိတ်လန့် ခြင်းတွေနဲ့  အိပ်ပျက်ညတွေ
တဖက်သတ်ဆန်တဲ့ တရားစီရင်ခြင်းတွေ
အမည်မသိတဲ့ ဥပဒေပုဒ်မတွေ
ဒါတွေ . . . . အားလုံး . . . အားလုံး
အားလုံးကို ကျောခိုင်းခဲ့ကြတာ
မှားတယ်လို့  မဆိုသာပါဘူး။
ဒီလိုနဲ့  . . . . . . . .
တပါးလောကရဲ့ အလယ်မှာ
မျက်နှာငယ် ခေါင်းငုံ့ 
ဒုက္ခသည်ဆိုတဲ့ ဘွဲ့ တစ်ခုကို
ကြိုးစားပမ်းစား ရခဲ့ကြတယ်။
ဒါပေမယ့် . . . . .
ထိတ်လန့် ကြောက်ရွံ့ ခြင်းတွေကတော့
ယခုထိခြောက်လှန့် နေဆဲ
တရားမဝင်နေထိုင်သူများ
အချိန်တိုင်း သတိထား
စိတ်လက်ခြောက်ခြားစရာ
ကြိမ်ဒဏ်ဆိုတာ နှစ်ချက်၊ သုံးချက်
တစ်သက်စာ လုံလုံလောက်လောက်
ဘယ်တော့မှမပျောက်ပျက်နိုင်မယ့်
အမှတ်တရလက်ဆောင်တွေပါပဲ။
အဲဒီလို . . . . အဲဒီလို
နေ့ နေ့ ညည ဒုက္ခကိုသယ်ပိုးသူတွေ
လှလှပပ သောကကိုပွေ့ ပိုက်သူတွေ
ဘဝလေပွေရိုင်းကြားမှာ
ကြွေကျ မြေခသွားသူတွေ ဒုနဲ့ ဒေး
ဒုက္ခကို ရှောင်ပြေးရင်း
ဒုက္ခတွေနဲ့ ပိုရင်းနှီးလာခဲ့ကြတယ်။
နောက်ဆုံးတော့ . . . . . .
ဒုက္ခသည်ဆိုတာ ဘယ်လိုဟာကိုခေါ်ခဲ့ကြတာလဲ ? ? ? ? ?
မလေးရှားနိုင်ငံတွင် မြန်မာပြည်သူအများ ကြုံတွေ့ နေရသော ဒုက္ခပြသနာများအတွက် ခံစားရေးဖွဲ့  ခဲ့ခြင်းဖြစ်ပါသည်။
ကျွန်တော်ကိုယ်တိုင်ကြုံတွေ့ ခံစားခဲ့ရသဖြင့် ဒုက္ခသည်အားလုံးအပေါ်ကိုယ်ချင်းစာနာလျက် .................................
ဆလိုင်း ရှယ်လေး
၂၀၀၄၂၀၀၇

စိတ္တဇ အလွမ်း
စိတ္တဇ အလွမ်း
Tuesday, August 26th, 2008
ငိုတော့မယ့်တိမ်တိုက်တွေကိုငေးကြည့်ရင်း ပြက္ခဒိန်ဟောင်းတွေကြားက ကြွေလွင့်သွားတဲ့နေ့ စွဲတွေကိုနှမြောမိ တယ်။ ဒီချိန်မှာ စွဲမက် စရာ ကဗျာလေးတစ်ပုဒ်က အတွေးတွေထဲဝေ့ဝဲရောက်ရှိလာတယ်။ ဒီကဗျာလေးမွေးဖွားခဲ့တဲ့ အချိန်ကာလတစ်ခုကို တိကျစွာသတိမရ ပေမယ့် ဒီကဗျာလေးဟာတစ်ချိန်က ကိုယ့်နှလုံးသားမှာစွဲလန်းမိန်းမူးစွာ မွေးဖွားလာခဲ့တဲ့ ကန္တဝင်ကဗျာတစ်ပုဒ်ဆိုတာတော့ သေချာ တယ်။
မှုန်ဝါးတဲ့အတွေးတွေကြားမှာ မပီပြင်တဲ့ကဗျာအပိုင်းအစတွေနဲ့ တည်ဆောက်ထားတဲ့ စာအုပ်ဟောင်းကြီးကို လှန်ကြည့်ရင်း ငါ့ဝိညာဉ် တွေလွမ်းတတ်ခဲ့ပြီလား။ ဘဝရဲ့သီချင်းအပိုင်းအစတစ်ချို့ ကိုမွေးဖွားပေးခဲ့ဖူးတဲ့ ဂီတာအို လေးတောင် ငါ့အနားမှာစိတ်ပျက်စွာ အိပ်စက် နေရှာတယ်။
သခင်တစ်ပါးကငါ့ကိုခြောက်လှန့် နေတယ်။ ငါဟာ ရှုပ်ထွေးတဲ့အတွေးဝင်္ကပါမှာပျောက်ဆုံးသွားခဲ့ပြီလား။ ငါ့ကို ကဗျာပန်းပွင့်သစ်ကလေး တွေ ဖန်ဆင်းပေးဖို့ တောင့်တနေကြတဲ့ စာမျက်နှာတွေ၊ အလွမ်းသီချင်းလေးတစ်ပုဒ် သီဆိုဖို့ မျှော်လင့်နေတဲ့ ဂီတာအိုလေး၊ သြော် . . . တကယ်တော့ ငါ့မှာသူတို့ လေးတွေကို ကျောခိုင်းစွန့် ခွာဖို့  အင်အားမရှိခဲ့ဘူး။ ငါ ကဗျာကိုမြတ်နိုးတယ်၊ သီချင်းအပိုင်းအစလေးတွေနဲ့  ဂီတာအိုရဲ့သံစဥဟောင်းတွေကို တက် မက်တယ်။ အဲဒီလိုပဲ သူတို့ လေးတွေကလည်း ငါ့ကိုသိပ်ချစ်ကြတယ်၊ မျှော်လင့်ကြတယ်၊ တောင့် တကြတယ်။ သခင်တစ်ပါးက ငါ့ကိုအချစ်နဲ့ ရူးသွပ်စေခဲ့ပေမယ့် နှလုံးသားရဲ့ကဗျာနဲ့  အသဲထဲကသံစဉ်ရိုင်းတွေဟာ ငါ့ကို ရူးသွပ် ခွင့်မပေး ကြဘူး။
ငါတက်မက်တဲ့ဂီတာအိုလေးကို ယုယစွာပိုက်ထွေးရင်း သံစဉ်လှိုင်းတစ်ခုကို စွဲငင်တီးခတ်လိုက်တယ်။ ပတ်ဝန်းကျင် မှာ အက်ကွဲစွာလွင့်ပျံ့ သွားတဲ့သီချင်းရိုင်းတစ်ပုဒ်နဲ့ အိပ်စက်ရာကနေ နိုးထကခုန်နေကြတဲ့ လိပ်ပြာလေးတွေကို ကဗျာလေးတွေကတောင် အံ့သြစွာငေးမောနေ ကြတယ်။
စတ္တဇအလွမ်းရဲ့သီချင်းရိုင်းတစ်ပုဒ်ဟာ ကွဲကြေနေတဲ့ အတိတ်ကာလတစ်ကိုလက်ဆောင်ပေးဖို့  အလှပဆုံးသမိုင်း ဝင်ပန်းချီကားတစ်ချပ် ကို နေ့ ရက်တွေနဲ့ ဆေးရောင်ခြယ်၊ အနာဂတ်တစ်ခုနဲ့ ရေးဆွဲနေတယ်။ သံစဉ်လှိုင်းတွေအား လုံး အနာဂတ်တစ်ခုဆီ ဦးတည်ပျံသန်းသွား ကြတယ်။
အင်း . . . . . စိတ္တဇအလွမ်းရဲ့ ဝင်္ကပါထဲကနေ ခုချိန်ထိ ရုန်းမထွက်နိုင်သေးဘူး။

Subscribe to:
Posts (Atom)