![]() ![]() | ![]() |
ကိုယ်တကယ်မောပန်းနေချိန်မှာ
အကြင်နာ ရေစင်အေးတွေနဲ့ 
မင်းရဲ့ ရင်ခွင်နွေးလေးရယ်
နားလည်မှုတွေနဲ့  ယုယတဲ့ချစ်သူ
အပြစ်မယူ မငြူစုစတမ်း
ခရောင်းလမ်းထဲ လက်တွဲလျှောက်
မင်းလောက် ဘယ်သူချစ်နိုင်မှာလဲ . . . . ။
အချစ်တုတွေ ဖယ်ရှား
ခြေလှမ်းများ ပြုပြင်ပေးခဲ့
မင်းရွေးပေးတဲ့ လမ်းပေါ်မှာ
ကိုယ် ကျေနပ်စွာလျှောက်ပါရစေ။
သစ်ရွက်ကြွေတွေ ရေတွက်
နွေရက်တို့ ရဲ့ နေဝင်ချိန်ဆီ
ရီဝေဝေ အတွေးတွေနဲ့ 
စည်းချက်မညီတဲ့ ရင်ခုန်သံ
အရင်လို ပုံမှန်ဖြစ်စေဖို့ 
အကြင်နာ မျက်ဝန်းတစ်စုံ
ရင်ခုန်စရာ အနမ်းဖွဖွ
အလှပဆုံး အပြုံးနုနုတွေကို
ကိုယ့်ရဲ့အမြတ်နိုးဆုံး ဆုလာဒ်အဖြစ်
မင်းရဲ့အချစ်တွေ တမ်းတဆဲပါ။
ဝေးနေလည်းမမေ့ပါဘူး
အနူးညံ့ဆုံး နှလုံးသားထဲမှာ
အချစ်ကာရံလေးတွေ ရှိနေဆဲပါ
အလုံခြုံဆုံး သစ္စာတရားနဲ့ အတူ
ကြင်နာသူရဲ့အနမ်းတွေ တက်မက်ဆဲပါ
အနက်ရှိုင်းဆုံး နှလုံးအိမ်ထဲမှာ
မျှော်လင့်ခြင်းကဗျာလေးတစ်ပုဒ် ရှင်သန်ဆဲပါ။
ယုံကြည်ပါချစ်သူ
ခုချိန်အတူ နေခွင့်မရလည်း
ခိုင်မြဲတဲ့တို့ နှစ်ယောက်ရဲ့သစ္စာ
ကမ္ဘာတည်သ၍ ကျူးရင့်လိုက်ကြမယ်
ဘဝခရီးသည် တို့ နှစ်ယောက်အတွက်
ကြုံလာမယ့် အတားအဆီးတွေ
မတွေဝေကြစတမ်း
ကမ်းလက်တွေ မြဲကြပါစို့ 
ခိုင်မာတဲ့ တို့ နှစ်ယောက်ရဲ့အချစ်
သက္ကရာဇ်တွေက မဖျက်ဆီးနိုင်ပါဘူး . . . ချစ်သူ ။
ဆလိုင်းရှယ်လေး




0 comments:
Post a Comment